ကမ်းခြေသို့ ကလေးများနှင့်အတူ သွားသောအခါ၌ သိအပ်သည့်အရာများ
ကျွန်ုပ်တို့သည် ကလေးများနှင့်အတူ ကမ်းခြေသို့ အလည်သွားသည့်အခါတွင် မည်ကဲ့သို့ ဘေကင်းလုံခြုံစွာ နေရမည်နှင့် သင့်ကလေးများ မည်ကဲ့သို့ ဘေကင်းလုံခြုံ၍ ပျော်ရွှင်စွာနေရမည်ကို သိရှိရန် ပို၍ပင် အရေးကြီးလှပါသည်။

အသက်ကယ်သူများသည် ကလေးထိန်းများ မဟုတ်ကြပါ။
အသက်ကယ်သူများသည် ကူညီရန် ရှိနေကြပါသည်၊ သို့သော် သူတို့သည် ကလေးထိန်းများ မဟုတ်ကြပြီး ကလေးများအား စောင့်ကြည့်နေသော လူကြီးတစ်ဦးဦး မရှိနေဘဲ မည်သည့်အခါမျှ ၎င်းတို့အား သဲသောင်ပြင်ပေါ်တွင် သို့မဟုတ် ရေထဲ၌ တစ်ဦးတည်း မထားသင့်ပါ။

သင့်ကလေးများအား အမြဲကြီးကြပ်ကွပ်ကဲနေပြီး မည်သည့်အခါမျှ တစ်ယောက်တည်း မလွှတ်ထားပါနှင့်။
- ကမ်းခြေများ၌ လူပြည့်ကျပ်နေလျှင် ကလေးများသည် သင်မပါဘဲ ခြေဦးတည့်ရာ ထွက်သွားရန် သို့မဟုတ် လမ်းပျောက်သွားရန် လွယ်ကူပါသည်။
- အသက်ကယ်ပေးသူများနှင့် အသက်ကယ်တပ်ဖွဲ့သည် ကူညီပံ့ပိုးရန် အသင့်ရှိနေကြသော်လည်း ၎င်းတို့သည် ကလေးထိန်းပေးကြသူများ မဟုတ်သဖြင့် ကလေးများအား စောင့်ကြပ်ကြည့်ရှုရန်မှာ မိဘများ၏ တာဝန်သာဖြစ်ပါသည်။
- ရေတိမ်နေရာတွင်ပင် အချိန်မရွေး ရုတ်တရက် လှိုင်းထနိုင်၍ ကလေးငယ်များအား ရေနက်ထဲသို့ အလွန်လျင်မြန်စွာ ဆွဲယူသွားနိုင်ပါသည်။
- သင့်ကလေးများအား အချိန်တိုင်း မြင်နေနိုင်ရန် သေချာပါစေ။ သူတို့အား သူတို့ဘာသာ တစ်ဦးတည်း ရေကူးရန် သို့မဟုတ် ရေထဲ၌ ဆော့ကစားရန် ထွက်ပြေးမသွားစေပါနှင့်။
- ကမ်းခြေ၌ရှိနေစဉ် စတည်းချနေနိုင်မည့် အကောင်းဆုံးနေရာကို စဉ်းစားပါ၊ သို့အားဖြင့် သင်သည် သင့်ကလေးများအား မျက်ခြေမပြတ် စောင့်ကြည့်နေနိုင်ပါမည်။
- ကလေးငယ်ငယ်များအား ကလေးကြီးများနှင့်အတူ သူတို့ချည်းသက်သက် မလွှတ်ထားပါနှင့်။ ရုတ်တရက် တစ်စုံတစ်ရာဖြစ်ခဲ့လျှင် ကလေးကြီးများပင် ဘာလုပ်ရမည်ကို သိနိုင်ဖွယ်ရှိမည်မဟုတ်သဖြင့် လူကြီးများက ကလေးများအား အမြဲကြီးကြပ်ကွပ်ကဲနေသင့်ပါသည်။
- ရေကူးတတ်ခြင်းမှာ အလွန်အရေးကြီးသော ကျွမ်းကျင်မှုတစ်ရပ်ဖြစ်ပြီး ရေကူးတတ်၍ အသက်ရှင်နေနိုင်ရန် သင်ယူခြင်းမှာ မည်သည့်အခါမျှ နောက်မကျပါ။
- သင့်ကလေးသည် ရေကူးကန်တွင် ရေကူးတတ်လျှင်ပင် သူသည် သမုဒ္ဒရာနှင့် လှိုင်းများကြားတွင် ရေကူးနိုင်စွမ်းရှိကာ အသက်ရှင်နိုင်လိမ့်မည်ဟု မပြောနိုင်ပါ။
- Rip current များသည် ရုတ်တရက်ဖြစ်နိုင်ပြီး ရေတိမ်တွင် ဆော့ကစားနေကြသည့် ကြီးကြပ်ကွပ်ကဲ မခံရသော ကလေးများအား လျင်မြန်စွာ ဆွဲယူသွားခံရနိုင်ပါသည်။
၎င်းသည် တစ်အောင့်သာ ကြာမြင့်ပါလိမ့်မည်။
ကလေးများအား ရေတိမ်တွင်ပင် တစ်ယောက်တည်း မထားသင့်ပါ။ လှိုင်းကြီးများ အချိန်မရွေး ထနိုင်ပြီး လူများအား သမုဒ္ဒရာထဲသို့ မျောပါသွားစေနိုင်ပါသည်။ ကလေးများ သင့်တော်သော ရေကူးဝတ်စုံများကို ဝတ်ဆင်သင့်ပြီး သူတို့နှင့်အတူ ရေကူးတတ်၍ ကူညီပေးနိုင်သော အရွယ်ရောက်သူတစ်ဦးမပါဘဲ ရေထဲ မဆင်းသင့်ပါ။

ရေလွှာလှိုင်း အသက်ကယ်ခြင်းသည် ကလေးတစ်ဦး၏ ကမ်းခြေပတ်ဝန်းကျင်တွင် ယုံကြည်ကိုးစားမှု၊ သုတနှင့် ကျွမ်းကျင်မှုတို့ တိုးပွားလာစေရန်အတွက် အလွန်ကောင်းမွန်သည့် လုပ်ဆောင်မှုတစ်ရပ်ဖြစ်ပါသည်။ ယခုပင် Nippers ၌ အဖွဲ့ဝင်ပါ။
