ကမ်းခြေ၌ ဘေးဒုက္ခများနှင့် အန္တရာယ်များကို မည်ကဲ့သို့ ရှာဖွေရန်နှင့် ဘေးကင်းလုံခြုံစွာ မည်ကဲ့သို့နေရမည်ကို နားလည်သဘောပေါက်ရန် အရေးကြီးပါသည်၊ သို့မှသာ ကမ်းခြေသို့ သွားရောက်လည်ပတ်သည့်နေ့သည် ကျွန်ုပ်တို့အတွက် နှစ်သက်ပျော်ရွှင်စရာဖြစ်ပါလိမ့်မည်။

quote icon

ကျွန်ုပ်တို့ အိမ်မှမထွက်မီ rip currents များ၊ အရှိန်အဟုန် ပြင်းထန်ကြီးမားလွန်းစွာ ရိုက်ခတ်သော ရေလှိုင်းများ၊ အပူနှင့် နေ၊ bluebottle (ဘလူးဘော်တလ်) ရေခူများနှင့် ငါးမန်းများကဲ့သို့သော ကမ်းခြေရှိ အန္တရာယ်များနှင့် ဘေးဒုက္ခများအမျိုးမျိုးအဖုံဖုံအကြောင်းကို လေ့လာထားရန် အရေးကြီးပါသည်။

quote icon
waves 2

ကမ်းခြေ၌ မည်ကဲ့သို့သော ဘေးဒုက္ခများနှင့် အန္တရာယ်များရှိသနည်း။

ကမ်းခြေမှ ရေဘက်သို့ အတန်အားရှိစွာ စီးဆင်းသော ရေစီးကြောင်းများ
Rip current ဆိုသည်မှာ ကမ်းစပ်ကို ကျောခိုင်းကာ ရေလွှာလှိုင်း အပိုင်းအခြားကို ဖြတ်ပြီး ရေဘက်သို့ စီးဆင်းသော အားသန်သည့် ရေစီးကြောင်းများဖြစ်ပါသည်။ ၎င်းတို့မှာ သြစတြေးလျား ကမ်းခြေများတွင် ထိပ်တန်း ဘေးအန္တရာယ်ဖြစ်ပါသည်။ Rip ကို ရှောင်ရှားနိုင်သော အကောင်းဆုံးနည်းမှာ အနီရောင်နှင့် အဝါရောင် အလံများအကြား ကင်းလှည့်ပေးသည့် ကမ်းခြေတွင် ရေကူးရန်ပင်ဖြစ်ပါသည်။

အရှိန်အဟုန် ပြင်းထန်ကြီးမားလွန်းစွာ ရိုက်ခတ်သော ရေလှိုင်းများ
ဖောင်းထနေသော ရေသည် ရေတိမ်ပိုင်းသို့ ရောက်သည့်အခါတွင် ၎င်းကို၎င်း မထောက်ပံ့နိုင်တော့သည်အထိ အပေါ်သို့ တွန်းပို့လေသည်။ ထိုအခါတွင် ပျက်ကွဲလိမ့်မည်ဖြစ်ပါသည်။ ယင်းလှိုင်းအမျိုးအစားများသည် တစ်ခုနှင့်တစ်ခု လုံးဝမတူဘဲ သုံးမျိုးသုံးစားရှိပါသည်။ မည်သည့်ကမ်းခြေ၌မဆို ဤလှိုင်းအမျိုးအစား သုံးမျိုးစပ် ရှိတတ်ပြီး ၎င်းတို့ကို ထိုးကျလှိုင်းများ သို့မဟုတ် ပုံကျလှိုင်းများ၊ ဖိတ်စင်လှိုင်းများ သိုမဟုတ် လိမ့်လှိုင်းများနှင့် ထိုးတက်လှိုင်းများဟုခေါ်ပါသည်။ အားသန်သော ပုံကျလှိုင်းများနှင့် ထိုးတက်လှိုင်းများသည် ကြီးမား၍ တစ်မဟုတ်ချင်း ထနိုင်ခြင်းကြောင့် အန္တရာယ်ရှိပါသည်။

အပူနှင့် နေ
သြစတြေးလျား နွေရာသီပုံစံမှာ ရှည်လျား၍ ပူအိုက်ပြီး နေသာသောနေ့များဖြစ်ပါသည်။ ၎င်းမှာ အပူနှင့် အန္တရာယ်ရှိသာ ခရမ်းလွန်ရောင်ခြည်ဓာတ်နှင့် ထိတွေ့နိုင်ခြေ ပိုမိုရှိနိုင်ခြင်းကို ဆိုလိုပါသည်။ ကမ်းခြေ၌ နှစ်သက်ပျော်ရွှင်နိုင်ရန်အလို့ငှာ သင့်အနေနှင့် နေလောင်ခြင်းနှင့် ပတ်သက်သည့် ရိုးရှင်းသောအဆင့်များအချို့ကို လိုက်နာရန် အရေးကြီးပါသည်။ သင်အိမ်မှမတွက်မီ အနည်းဆုံးမိနစ် ၂၀ အလိုတွင် နေပူခံလိမ်းဆေးကို ကြိုတင်သုတ်လိမ်းရန် အမြဲပင်သေချာအောင်လုပ်ကာ နာရီအနည်းငယ် ကြာပြီးတိုင်း ပြန်လည်သုတ်လိမ်းပေးပါ။

Bluebottle (ဘလူးဘော်တလ်) ရေခူများ
bluebottle (ဘလူးဘော်တလ်) ရေခူ (Physalia/ဖိုင်ဆာလီယာ) သည် သြစတြေးလျား ကမ်းရိုးတန်းတစ်ဝိုက်တွင် လူသိအများဆုံး ရေခူဖြစ်သည်ဟု ဆိုရပါလိမ့်မည်။ ၎င်းတို့၏ အပြာရောင်၊ ပူဖောင်းနှင့်တူသော ရွက်သည် ရေအပေါ်၌ ပေါ်လျက်နေပြီး ရေမျက်နှာပြင်အောက်တွင် ဆန့်ထားသော ရှည်လျားသည့် စမ်းလက်နှင့် တွဲလျက်ရှိနေပါသည်။ ဤစမ်းလက်တွင် nematocyst (နီမာတိုဆစ်စ်) ဟုခေါ်သော တုပ်နိုင်သည့် ဆဲလ်(ကလာပ်စည်း) များဖြင့် ဖုံးအုပ်ထားပါသည်။ ၎င်းက အရေပြားနှင့် ထိသောအခါတွင် အဆိပ်အနည်းငယ်ကို ထိုးနှံပေးခြင်းအရ တုံ့ပြန်ပြီး ၎င်းကတဖန် ကျိန်းစပ်ယားယံစေ၍ အလွန်ပင် နာကျင်စေနိုင်ပါသည်။

အပြာရောင်ကွင်း ရေဘဝဲ
အပြာရောင်ကွင်း ရေဘဝဲသည် သေးငယ်၍ လှပပုံပေါက်သော်လည်း သေစေနိုင်ပါသည်။ ၎င်းတို့သည် ကျောက်ဆောင်များအကြားတွင် လွယ်ကူလွန်းစွာ ပုံဖျက်နေနိုင်ပြီး ခြိမ်းခြောက်ခံရမှသာ ၎င်းတို့၏ အပြာရောင်ကွင်းများကို ပြသပါသည်။ အပြာရောင်ကွင်း ရေဘဝဲကို သြစတြေးလျားတစ်ဝိုက် ဒီရေအကြား နေရာအပိုင်းအခြားများရှိ တိမ်သော ကျောက်ရေကန်များအတွင်း၌ ပုန်းအောင်းနေလေ့ရှိခြင်းကို တွေ့မြင်ရပါသည်။

ငါးမန်းများ
သြစတြေးလျားတစ်ဝိုက်တွင် ငါးမန်းအမျိုးအစား များစွာရှိပါသည်။ ငါးမန်းအများစုက လူများအား အန္တရာယ် မပြုပါ။ လူများက ငါးမန်းများကို ကြောက်ရွံ့ကြသော်လည်း ၎င်းတို့သည် ဂေဟစနစ်ကြီး၏ အရေကြီးသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။ ငါးမန်း တိုက်ခိုက်ခံရမှုသည် အလွန်ရှားပါးပြီး သင် ကျွန်ုပ်တို့၏ ဘေးကင်းလုံခြုံမှုဆိုင်ရာ လက်တွေ့အသုံးကျသော အကြံပြုချက်များကို လိုက်နာပါက ယင်းအန္တရာယ်မှာ ပို၍ပင် နည်းပါးပါလိမ့်မည်။ ကမ်းခြေ၏ ဘေးအန္တရာယ်အကင်းဆုံးအပိုင်းမှာ အနီရောင်နှင့် အဝါရောင် အလံများအကြားဖြစ်ပြီး ထိုနေရာတွင် လေ့ကျင့်သင်တန်းဆင်း အသက်ကယ်ပေးသူများနှင့် အသက်ကယ်တပ်ဖွဲ့က ငါးမန်းများကို မျက်စိရှင်ရှင် စောင့်ကြည့်ပေးပါသည်။ အသက်ကယ်ပေးသူများနှင့် အသက်ကယ်တပ်ဖွဲ့က ငါးမန်းကိုတွေ့လျှင် ဥသြဆွဲပါလိမ့်မည် သို့မဟုတ် ခေါင်းလောင်းတီးပါလိမ့်မည်၊ ထို့နောက်တွင် အနီရောင်နှင့် အဝါရောင် အလံများကို စိုက်ထူ၍ သင့်အား ရေထဲမှ ချက်ခြင်း ထွက်ခိုင်းပါလိမ့်မည်။

Bluebottle (ဘလူးဘော်တလ်) ရေခူ၏ အတုပ်ခံရမှု

တုပ်ခံရသောနေရာတွင် ကျန်ရှိနေသေးသည့် တုပ်စူးများနှင့် စမ်းလက်များကို ဖယ်ရှားပြီး ပင်လယ်ရေဖြင့် ဆေးကြောပါ။ တုပ်ခံရသောနေရာကို မိနစ် ၂၀ အတွက် ရေနွေးစိမ်ပေးပါ။ ရေနွေးမရှိလျှင် ရေခဲအိတ် ကပ်ပေးပါ။
quote icon

အသက်ကယ်ပေးသူများနှင့် အသက်ကယ်တပ်ဖွဲ့သည် ကမ်းခြေများတွင် ကင်းလှည့်ပေး၍ ကမ်းခြေ ဘေကင်းလုံခြုံမှုဆိုင်ရာ ဝန်ဆောင်မှုများကို ပေးပြီး ကျွန်ုပ်တို့ ဘေးကင်းလုံခြုံမှုနှင့် ပျော်ရွှင်နှစ်သက်မှုရှိစေရန် ကူညီပံ့ပိုးပေးသော လေ့ကျင့်သင်တန်းတက်ထားကြသည့် ဝန်ထမ်းများဖြစ်ပါသည်။

quote icon
Surflifesavers

ကမ်းခြေတွင် ဘေကင်းလုံခြုံမှုရှိရန် အသက်ကယ်ပေးသူများ၏ လက်တွေ့အသုံးကျသော ထိပ်တန်း အကြံပြုချက်များ။

အနီရောင်နှင့် အဝါရောင် အလံများအကြားတွင် အမြဲတမ်း ရေကူးပါ။
အသက်ကယ်သူများသည် ဘေးအန္တရာယ်ကင်းစွာ ရေကူးနိုင်သောနေရာတွင် အလံများကို ထားထားကာ သူတို့သည် ထိုနေရာကို စောင့်ကြည့်နေကြလိမ့်မည်ဖြစ်ပြီး သင်အကူအညီလိုအပ်ခဲ့ပါလျှင် သင့်အား သတိပြုတွေ့ရှိကြပါလိမ့်မည်။

ကမ်းခြေ၌ ဘေးအန္တရာယ်ကင်းမှုဆိုင်ရာ ဆိုင်းဘုတ်များကို ရှာဖွေကြည့်ရှုပါ။
အသက်ကယ်သူများသည် ရှိကောင်းရှိနိုင်ဖွယ် ဘေးအန္တရာယ်တစ်စုံတစ်ရာကို သင်သိရှိစေရန် ဆိုင်းဘုတ်များကို ကမ်းခြေ၌ ထားပေးပါသည်၊ သင် ရေထဲမဆင်းမီ ယင်းဆိုင်းဘုတ်များကို ရှာဖွေကြည့်ရှုရန် သေချာပါစေ။

အသက်ကယ်သူအား နှုတ်ခွန်းဆက်ပါ။
သင် ကမ်းခြေသို့ ဆိုက်ရောက်လာသည့်အခါတွင် အသက်ကယ်သူများအား သွားရောက်နှုတ်ခွန်း ဆက်ပါ။ သူတို့သည် လူများအား ကူညီရန် ရှိနေကြပြီး လူသစ်များအား တွေ့ဆုံ၍ ၎င်းတို့၌ မေးမြန်းစရာရှိသည်များကို ဖြေကြားရန် နှစ်ခြိုက်ကြပါသည်။

မည်သည့်အခါမျှ သင့်ဘာသာသင် တစ်ဦးတည်း ရေမကူးပါနှင့်။
အပေါင်းအဖော် သို့မဟုတ် လူကြီးတစ်ဦးဦးနှင့်အတူ အမြဲတမ်း ရေကူး၍ မည်သည့်အခါမျှ သင့်ဘာသာသင် တစ်ဦးတည်း ရေထဲမဆင်းပါနှင့်။

သင် ရေထဲတွင် ဒုက္ခရောက်ခဲ့လျှင် စိတ်အေးအေးထားပြီး သင့်လက်မောင်းကို မြှောက်ပင့်ပြပါ။
ကြမ်းပြင်ကို ခြေမမီနိုင်သော သမုဒ္ဒရာထဲ၌ ဒုက္ခရောက်နေရခြင်းမှာ ကြောက်စရာကောင်းနိုင်သော်လည်း အကူအညီရရန်အတွက် စိတ်အေးအေးထားပြီး သင့်လက်မောင်းကို မြှောက်ပင့်ပြရန် မမေ့ပါနှင့်။ ပေါလောပေါ်နေအောင် ကြိုးစားပြီး သင့်အား ကမ်းခြေမှ ဆွဲခေါ်သွားနေရသည့်ဟု ထင်ရပါက၊ ရေစီးကြောင်းကို ဆန်၍ ရေကူးရန် မကြိုးစားပါနှင့်။ ၎င်းသည် သင့်အား ပင်ပန်းစေမည်သာဖြစ်ကာ ပေါလောပေါ်နေနိုင်စေမည် မဟုတ်ပါ။

အရေးပေါ်အခြေအနေတွင် ၀၀၀ ကို ဖုန်းဆက်ပါ။
သင် ရေမကူးနိုင်လျှင် ဒုက္ခရောက်နေသည့် အခြားသူများအား ကယ်တင်ရန် မကြိုးစားပါနှင့်။ အမြဲပင် အကူအညီတောင်းပါ၊ အသက်ကယ်ပေးသူကို မတွေ့ရလျှင် ၀၀၀ ကို ဖုန်းဆက်ပါ။ သင်သည် ဒုက္ခရောက်နေသူအား ပျဉ်ချပ် သို့မဟုတ် အအေးခံဘူးကဲ့သို့သော ကိုင်ထားနိုင်သည့် အရာတစ်ခုခုကို ပစ်ပေးခြင်းအားဖြင့် ကူညီနိုင်ပါသည်။ ပတ်ပတ်လည် ရှာဖွေကြည့်ရှုပါ၊ ကမ်းခြေအများအပြားတွင် အများပြည်သူ အသုံးပြုနိုင်ရန်အတွက် အနီရောင် ပေါလောပေါ် ကိရိယာများကို ထားပေးထားပါသည်။

သင် ယနေ့ အခြားမည်သည့်အကြောင်းအရာများကို လေ့လာသိရှိလိုပါသနည်း။

Rip currents (ကမ်းခြေမှ ရေဘက်သို့ အတန်အားရှိစွာ စီးဆင်းသော ရေစီးကြောင်းများ) ၏ ဘေးအန္တရာယ်များ

Rip currents သည် သြစတြေးလျား ကမ်းခြေများတွင် ထိပ်တန်း ဘေးအန္တရာယ်ဖြစ်ပါသည်။ Rip များမှ လွတ်မြောက်ရှင်သန်နိုင်မည့် နည်းလမ်းကို သိရှိထားခြင်းမှာ ကမ်းခြေ၌ ဘေးကင်းလုံခြုံမှုရှိရေး၏ အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းထံမှ သင်ယူပါ

ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းအား တွေ့ဆုံ၍ ကျွန်ုပ်တို့၏ ကမ်းခြေရှိ အသက်ကယ်ဆယ်ပေးသူများထံမှ ကမ်းခြေ၌ ဘေးကင်းလုံခြုံမှုရှိရေးဆိုင်ရာ အရေးကြီးသော မှာကြားများအချို့ကို လေ့လာသင်ယူပါ။

ကမ်းခြေ၌ ဘေးကင်းလုံခြုံစွာနေခြင်း

သင် ကမ်းခြေသို့ ရောက်ရှိပြီးနောက် မည်ကဲ့သို့ ဘေးကင်းလုံခြုံစွာနေရမည်နှင့် မည်သည့်အရာများကို သတိထားရမည်ကို သိရှိနေခြင်းအားဖြင့် သင့် မိတ်ဆွေများနှင့် သင့်မိသားစုတို့နှင့်အတူ ဘေးကင်းလုံခြုံစွာနေ၍ ပျော်ရွှင်စွာ အချိန်ကုန်လွန်နိုင်ရန် သင့်အား အထောက်အကူပြုပေးနိုင်ပါသည်။

ကမ်းခြေသို့ ကလေးများနှင့်အတူ သွားသောအခါ၌ သိအပ်သည့်အရာများ

ကမ်းခြေသည် ကလေးများအတွက် ပျော်ရွှင်၍ နှစ်သက်စရာကောင်းသော အံ့ဖွယ်နေရာတစ်ခုဖြစ်ပါသည်။ အကယ်၍သင် ကမ်းခြေသို့ ကလေးများနှင့်အတူ သွားရန် စီစဉ်နေလျှင် ၎င်းတို့အား မည်ကဲ့သို့ ကာကွယ်ပေး၍ ဘေးကင်းလုံခြုံစွာထားနိုင်ရန် သိဖို့အရေးကြီးပါသည်။

ကမ်းခြေသို့သွားရန် အသင့်ပြင်ဆင်ခြင်း။

ကမ်းခြေသို့ အလည်သွားရန် အလွန်ပျော်စရာကောင်းပါသည် သို့သော် သင် အိမ်မှ မထွက်မီ ကြိုတင်ပြင်ဆင်ရန် အရေးကြီးပါသည်။ သင် ကမ်းခြေ၌ ဘေးကင်းလုံခြုံပြီင်္း ပျော်ရွှင်နိုင်ရန် အဆင်သင့်ဖြစ်နေဖို့ သေချာနိုင်စေမည့်နည်းလမ်းကို ပိုမိုလေ့လာသိရှိရန် ကျွန်ုပ်တို့၏ လက်တွေ့အသုံးကျသော ထိပ်တန်း အကြံပြုချက်များကို စူးစမ်းလေ့လာပါ။

Keep me in the loop