ကမ်းခြေသို့သွားရန် အသင့်ပြင်ဆင်ခြင်း။
ကမ်းခြေသို့ အလည်သွားခြင်းသည် အလွန်ပျော်စရာကောင်းပါသည် သို့သော် ကမ်းခြေ၌ ဘေးကင်းလုံခြုံမှုဆိုသည်မှာ ၎င်းအတွက်
ကြိုတင်ပြင်ဆင်ထားရန်နှင့် အဆင်သင့်ဖြစ်နေရန်ဖြစ်ကြောင်းကို သတိရှိရန် အရေးကြီးပါသည်။

ဘေးကင်းလုံခြုံ၍ ပျော်ရွှင်စရာကောင်းသောနေ့ဖြစ်စေဖို့ ကျွန်ုပ်တို့ မည်သည့်အကြောင်းအရာများကို သိရန်လိုအပ်သနည်း။





သင် ရေကူးသွားဖို့ဖြစ်စေ သို့မဟုတ် သဲကမ်းပြင်ပေါ်တွင် လဲလျောင်းနေဖို့်သာဖြစ်စေ စီစဉ်နေပါက၊ သင်၏ ကမ်းခြေအတွက် ထုပ်ပိုးစာရင်းတွင် ထည့်သွင်းရန်လိုသော အခြေခံအရာများအချို့ရှိပါသည်။ သင့်တော်သောအရာများကို ထုပ်ပိုးခြင်းအားဖြင့် ကမ်းခြေ၌ ကျန်းမာ၍ ဘေးကင်းလုံခြုံပြီင်္း ပျော်ရွှင်စရာအချိန်ကုန်လွန်ရန် သေချာနိုင်စေဖို့ အထောက်အကူပြုပါလိမ့်မည်။

ကမ်းခြေ၌ ဘေးကင်းလုံခြုံပြီင်္း ပျော်ရွှင်စရာကောင်းသောနေ့ဖြစ်ရန် မည်သည့်အရာများကို ထုပ်ပိုးယူသွားသင့်သနည်း။



အရက်ကို မယူဆောင်သွားပါနှင့်။
သင့်ကိုယ်တွင် ရေဓာတ် အမြဲပြည့်ဝနေစေရေးအတွက် ရေများများသောက်ရန် သေချာပါစေ။ အရက်သည် သင့်ဆုံးဖြတ်ချက်များကို ကြည်လင်စွာ တွေးတော၍့ မှန်ကန်စွာ ချမှတ်နိုင်စွမ်းကို ထိခိုက်စေနိုင်သောကြောင့် ကမ်းခြေ၌ရှိနေစဉ်အတောအတွင်း အရက်ကို ရှောင်ပါ။ အရက်သည် သင် ရေထဲတွင် ရှိနေစဉ် သင်၏ တုံ့ပြန်နိုင်ချိန်ကို နှေးကွေးစေပြီး၊ သင် ဘေးဒုက္ခ ကျရောက်နိုင်သည့် အခွင့်အလမ်းကို တိုးပွားစေပါသည်။
