Rip current များသည် နှစ်စဉ် ရေနစ် သေဆုံးရခြင်းနှင့် ကယ်တင်ခြင်း၏ အကြီးမားဆုံးသော အကြောင်းရင်းခံဖြစ်ပါသည်။ Rip current က ဘာဖြစ်သည်နှင့် တစ်စုံတစ်ရာဖြစ်ခဲ့လျှင် မည်ကဲ့သို့ လွတ်မြောက်အောင်လုပ်ရမည်တို့ကို သိရှိထားခြင်းမှာ ကမ်းခြေတွင် ဘေကင်းလုံခြုံမှုရှိရန်အတွက် အလွန်တရာအရေးကြီးပါသည်။

Rips များသည် သြစတြေးလျား ကမ်းခြေများတွင် ထိပ်တန်း ဘေးအန္တရာယ်ဖြစ်ပါသည်။

Rip currents များကို ရှောင်ရှားနိုင်သော အကောင်းဆုံးနည်းမှာ ကင်းလှည့်ပေးသည့် ကမ်းခြေများတွင် အနီရောင်နှင့် အဝါရောင် အလံများအကြား ရေကူးရန်ပင်ဖြစ်ပါသည်။

What is a rip current?

Rip current ကို အကဲကြည့်တွေ့မြင်နိုင်သော နည်းလမ်း

Rip currents များသည် သြစတြေးလျား ကမ်းခြေများတွင် အကြီးမားဆုံး ဘေးအန္တရာယ်တစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း လူအမြောက်အမြား ရေနစ်သေဆုံးရပါသည်။ သင်နှင့် သင့်မိသားစုအတွက် သင်လုပ်နိုင်သော အကောင်းဆုံးအရာမှာ အနီရောင်နှင့် အဝါရောင် အလံများအကြားတွင်သာ အမြဲရေကူးရန်ပင်ဖြစ်ပါသည်။ အသက်ကယ်ဆယ်ပေးသူများသည် ကမ်းခြေ၏ ဘေးအန္တရာယ် အကင်းဆုံးအပိုင်းတွင် အလံများကို စိုက်ထူပေးပြီး အလံလွှင့်ထူထားသော နေရာကို တစ်နေ့တာလုံး စောင့်ကြပ်ကြည့်ရှုနေပါလိမ့်မည်။ Rip currents များအကြောင်းနှင့် ၎င်းကို မည်ကဲ့သို့ အကဲကြည့်တွေ့မြင်နိုင်မည်ကို ပိုမိုလေ့လာခြင်းအားဖြင့် သင် ဘေးအန္တရာယ်ကင်းစွာ နေနိုင်ရေးကို အထောက်အကူပြုပါလိမ့်မည်။ ပိုမိုလေ့လာရန် ဗီဒီယိုကို ကြည့်ပါ။

အမှတ်သညာများကို အမြဲသတိပြုမှတ်သားပါ။

Rip currents ကို ရှောင်ရှားနိုင်သော နည်းတစ်နည်းမှာ အမှတ်သညာများကို သတိပြုမှတ်သားရန်ဖြစ်ပါသည်။ အသက်ကယ်ပေးသူများနှင့် အသက်ကယ်တပ်ဖွဲ့သည် rips ကဲ့သို့သော အန္တရာယ်များကို သတိပေးရန် ကမ်းခြေပေါ်တွင် အမှတ်သညာများကို စိုက်ထူပြသထားပါလိမ့်မည်။ ဘေးကင်းရန် အနီရောင်နှင့် အဝါရောင် အလံများအကြားတွင်သာ အမြဲရေကူးပါ။

rip-tide-warning-sign

Rip currents များမှ လွတ်မြောက်နိုင်ပုံ

Rip currents များကို အကဲကြည့်တွေ့မြင်နိုင်နည်းကို သိရှိထားခြင်းမှာ ကောင်းမွန်သော်လည်း ၎င်းတွင် အမိခံရပြီး အထူးသဖြင့် အနီးအနားတွင် သင့်အားကူညီမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိလျှင် သင် မည်ကဲ့သို့ လွတ်မြောက်နိုင်မည်ကို သိရှိထားခြင်းက ပို၍ပင် အရေးကြီးပါသည်။ စိတ်အေးအေးထားခြင်း၊ မျောနေရန် ကြိုးစားခြင်းနှင့် ရေစီးကြောင်းကို တန်ပြန်မဆန့်ကျင်ခြင်းတို့မှာ သင်လုပ်နိုင်သော အကောင်းဆုံးအရာများအချို့ဖြစ်ပါသည်။ ပိုမိုလေ့လာသိရှိရန် ဤဗီဒီယိုကို ကြည့်ပါ။

သင် ယနေ့ အခြားမည်သည့်အကြောင်းအရာများကို လေ့လာသိရှိလိုပါသနည်း။

Rip currents (ကမ်းခြေမှ ရေဘက်သို့ အတန်အားရှိစွာ စီးဆင်းသော ရေစီးကြောင်းများ) ၏ ဘေးအန္တရာယ်များ

Rip currents သည် သြစတြေးလျား ကမ်းခြေများတွင် ထိပ်တန်း ဘေးအန္တရာယ်ဖြစ်ပါသည်။ Rip များမှ လွတ်မြောက်ရှင်သန်နိုင်မည့် နည်းလမ်းကို သိရှိထားခြင်းမှာ ကမ်းခြေ၌ ဘေးကင်းလုံခြုံမှုရှိရေး၏ အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းထံမှ သင်ယူပါ

ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းအား တွေ့ဆုံ၍ ကျွန်ုပ်တို့၏ ကမ်းခြေရှိ အသက်ကယ်ဆယ်ပေးသူများထံမှ ကမ်းခြေ၌ ဘေးကင်းလုံခြုံမှုရှိရေးဆိုင်ရာ အရေးကြီးသော မှာကြားများအချို့ကို လေ့လာသင်ယူပါ။

ကမ်းခြေ၌ ဘေးကင်းလုံခြုံစွာနေခြင်း

သင် ကမ်းခြေသို့ ရောက်ရှိပြီးနောက် မည်ကဲ့သို့ ဘေးကင်းလုံခြုံစွာနေရမည်နှင့် မည်သည့်အရာများကို သတိထားရမည်ကို သိရှိနေခြင်းအားဖြင့် သင့် မိတ်ဆွေများနှင့် သင့်မိသားစုတို့နှင့်အတူ ဘေးကင်းလုံခြုံစွာနေ၍ ပျော်ရွှင်စွာ အချိန်ကုန်လွန်နိုင်ရန် သင့်အား အထောက်အကူပြုပေးနိုင်ပါသည်။

ကမ်းခြေသို့ ကလေးများနှင့်အတူ သွားသောအခါ၌ သိအပ်သည့်အရာများ

ကမ်းခြေသည် ကလေးများအတွက် ပျော်ရွှင်၍ နှစ်သက်စရာကောင်းသော အံ့ဖွယ်နေရာတစ်ခုဖြစ်ပါသည်။ အကယ်၍သင် ကမ်းခြေသို့ ကလေးများနှင့်အတူ သွားရန် စီစဉ်နေလျှင် ၎င်းတို့အား မည်ကဲ့သို့ ကာကွယ်ပေး၍ ဘေးကင်းလုံခြုံစွာထားနိုင်ရန် သိဖို့အရေးကြီးပါသည်။

ကမ်းခြေသို့သွားရန် အသင့်ပြင်ဆင်ခြင်း။

ကမ်းခြေသို့ အလည်သွားရန် အလွန်ပျော်စရာကောင်းပါသည် သို့သော် သင် အိမ်မှ မထွက်မီ ကြိုတင်ပြင်ဆင်ရန် အရေးကြီးပါသည်။ သင် ကမ်းခြေ၌ ဘေးကင်းလုံခြုံပြီင်္း ပျော်ရွှင်နိုင်ရန် အဆင်သင့်ဖြစ်နေဖို့ သေချာနိုင်စေမည့်နည်းလမ်းကို ပိုမိုလေ့လာသိရှိရန် ကျွန်ုပ်တို့၏ လက်တွေ့အသုံးကျသော ထိပ်တန်း အကြံပြုချက်များကို စူးစမ်းလေ့လာပါ။

Keep me in the loop