ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်မှ ကြိုဆိုပါ၏။ သင်သည် ဤနေရာတွင် rip currents (ကမ်းခြေမှ ရေဘက်သို့ အတန်အားရှိစွာ စီးဆင်းသော ရေစီးကြောင်းများ)၊ အသက်ကယ်ဆယ်ပေးသူများ၊ ကျောက်ဆောင်၌ ငါးမျှားခြင်းနှင့် အရေးကြီးဆုံးမှာ သင်၊ သင့်မိသားစုနှင့် သင့်မိတ်ဆွေများ ကျွန်ုပ်တို့၏ သာယာလှပသော ကမ်းခြေများတွင် ပျော်ရွှင်ကြည်နူးနေစဉ် မည်ကဲ့သို့ ဘေးကင်းလုံခြုံစွာ နေနိုင်မည့်အကြောင်းအရာများကို လေ့လာသိရှိရပါလိမ့်မည်။

သင် ယနေ့ မည်သည့် အကြောင်းအရာများကို လေ့လာသိရှိလိုပါသနည်း။

.

ကမ်းခြေသို့သွားရန် အသင့်ပြင်ဆင်ခြင်း။

ကမ်းခြေသို့ အလည်သွားရန် အလွန်ပျော်စရာကောင်းပါသည် သို့သော် သင် အိမ်မှ မထွက်မီ ကြိုတင်ပြင်ဆင်ရန် အရေးကြီးပါသည်။ သင် ကမ်းခြေ၌ ဘေးကင်းလုံခြုံပြီင်္း ပျော်ရွှင်နိုင်ရန် အဆင်သင့်ဖြစ်နေဖို့ သေချာနိုင်စေမည့်နည်းလမ်းကို ပိုမိုလေ့လာသိရှိရန် ကျွန်ုပ်တို့၏ လက်တွေ့အသုံးကျသော ထိပ်တန်း အကြံပြုချက်များကို စူးစမ်းလေ့လာပါ။

ကမ်းခြေ၌ ဘေးကင်းလုံခြုံစွာနေခြင်း

သင် ကမ်းခြေသို့ ရောက်ရှိပြီးနောက် မည်ကဲ့သို့ ဘေးကင်းလုံခြုံစွာနေရမည်နှင့် မည်သည့်အရာများကို သတိထားရမည်ကို သိရှိနေခြင်းအားဖြင့် သင့် မိတ်ဆွေများနှင့် သင့်မိသားစုတို့နှင့်အတူ ဘေးကင်းလုံခြုံစွာနေ၍ ပျော်ရွှင်စွာ အချိန်ကုန်လွန်နိုင်ရန် သင့်အား အထောက်အကူပြုပေးနိုင်ပါသည်။

ကမ်းခြေသို့ ကလေးများနှင့်အတူ သွားသောအခါ၌ သိအပ်သည့်အရာများ

ကမ်းခြေသည် ကလေးများအတွက် ပျော်ရွှင်၍ နှစ်သက်စရာကောင်းသော အံ့ဖွယ်နေရာတစ်ခုဖြစ်ပါသည်။ အကယ်၍သင် ကမ်းခြေသို့ ကလေးများနှင့်အတူ သွားရန် စီစဉ်နေလျှင် ၎င်းတို့အား မည်ကဲ့သို့ ကာကွယ်ပေး၍ ဘေးကင်းလုံခြုံစွာထားနိုင်ရန် သိဖို့အရေးကြီးပါသည်။

Rip currents (ကမ်းခြေမှ ရေဘက်သို့ အတန်အားရှိစွာ စီးဆင်းသော ရေစီးကြောင်းများ) ၏ ဘေးအန္တရာယ်များ

Rip currents သည် သြစတြေးလျား ကမ်းခြေများတွင် ထိပ်တန်း ဘေးအန္တရာယ်ဖြစ်ပါသည်။ Rip များမှ လွတ်မြောက်ရှင်သန်နိုင်မည့် နည်းလမ်းကို သိရှိထားခြင်းမှာ ကမ်းခြေ၌ ဘေးကင်းလုံခြုံမှုရှိရေး၏ အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းထံမှ သင်ယူပါ

ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းအား တွေ့ဆုံ၍ ကျွန်ုပ်တို့၏ ကမ်းခြေရှိ အသက်ကယ်ဆယ်ပေးသူများထံမှ ကမ်းခြေ၌ ဘေးကင်းလုံခြုံမှုရှိရေးဆိုင်ရာ အရေးကြီးသော မှာကြားများအချို့ကို လေ့လာသင်ယူပါ။

သင့်ကိုသင် စမ်းသပ်စစ်ဆေး၍ ကမ်းခြေ၌ ဘေးအန္တရာယ်ကင်းစွာ နေနိုင်ခြင်းအကြောင်း သင်မည်မျှသိရှိသည်ကို ရှာဖွေဖော်ထုတ်ပါ။

SpanishBeachQuiz

ကျွန်ုပ်တို့၏ အချက်အလက်စာစောင်များကို ဒေါင်းလုဒ် (လွှဲပြောင်းကူးယူခြင်း) လုပ်ပါ။

သင့်မိတ်ဆွေများနှင့် သင့်မိသားစုတို့အတွက် ဒေါင်းလုဒ်လုပ်၍၊ ပုံနှိပ်ပြီး မျှဝေပေးနိုင်သော အခမဲ့ အချက်အလက်စာစောင်များရှိပါသည်။ ကျွန်ုပ်တို့၏ အချက်အလက်စာစောင်များသည် rip currents များ၊ အသက်ကယ်ဆယ်ပေးသူများ၊ ကျောက်ဆောင်၌ ငါးမျှားခြင်းအပြင် သင်၊ သင့်မိသားစုနှင့် သင့်မိတ်ဆွေများ ကျွန်ုပ်တို့၏ သာယာလှပသော ကမ်းခြေများနှင့် ကမ်းရိုးတန်းများတွင် ပျော်ရွှင်ကြည်နူးနေစဉ် မည်ကဲ့သို့ ဘေးကင်းလုံခြုံစွာ နေနိုင်နည်းတို့ဖြင့် ပတ်သက်သော အချက်အလက်အပိုများကို ကြိုးစားရှာဖွေနေသူ မည်သူမဆိုအတွက် သင့်တော်မှုရှိပါသည်။